Pages

Labels

Saturday, February 14, 2015

ဂယ်ဘဲ ဂယ်ဘဲ - နီနီခင်ဇော်

Download




နီနီခင်ဇော်၏ ဂယ်ဘဲဂယ်ဘဲ သီချင်းသစ် ဖေဖော်ဝါရီ

၁၆ ရက်နေ့ထွက်ရှိမည်

ဂီတလောကတွင် မာရီယိုစီးရီးနှင့် အောင်မြင်မှုများစွာရရှိခဲ့သော တေးသံရှင် နီနီခင်ဇော်က ဂယ်ဘဲဂယ်ဘဲ အမည်ရ ကိုယ်ပိုင်သံစဉ်သီချင်းသစ်တစ်ပုဒ်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပရိသတ်များအတွက် ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ဒီသီချင်းက တေးရေး ကိုဆလိုင်း ရေးပေးထားတဲ့ သီချင်းပါ။ သီချင်းအကြောင်းအရာကတော့ မိန်းကလေးဆန်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရေးထားတာပါ။ သီချင်းမြူးလေးပါပဲ။ အဲဒီသီချင်းကို ဒါရိုက်တာ ကိုမောင်မောင်သာမြင့်က MTV ရိုက်ကူးပေးထားပြီး မော်ဒယ်လ် အာကာဟိန်းနဲ့ Uranium အကအဖွဲ့တို့က နီနီနဲ့အတူ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်” ဟု ယင်းသီချင်းသစ်နှင့် ပတ်သက်ပြီး ၎င်းကထပ်လောင်းပြောကြားသည်။

ယင်းသီချင်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစပြီး အွန်လိုင်းရှိ Myanmar Music Store နှင့် City Mart အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း၊ Telenor မိုဘိုင်းလ်ဝန်ဆောင်မှုများကို သုံးစွဲသူများကမူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း My Music Page တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း နီနီခင်ဇော်ကဆိုသည်။

“ဒီသီချင်းက နီနီရဲ့ပထမဆုံး Single သီချင်းပါ။ နိုင်ငံတကာမှာတော့ အွန်လိုင်းကနေ Single သီချင်းတွေဖြန့်တာက ခေတ်စားနေတာကြာပါပြီ။ နီနီတို့ဆီမှာလည်း Online သုံးရတာက အခုနောက်ပိုင်းမှာ နည်းနည်းအဆင်ပြေလာတဲ့အတွက် အဆိုတော် တော်တော်များများကလည်း Single လေးတွေဖြန့်လာကြတယ်။ လူတွေ တော်တော်များများက ခိုးကူးခွေတွေကို အားပေးနေတဲ့အချိန်မှာ နီနီတို့ကတော့ စီးရီးတစ်ခွေလုံးကို ၅၀၀ လောက်နဲ့ မရောင်းနိုင်တဲ့အတွက် အခုလို ပရိသတ်တွေလည်း လွယ်လွယ်ကူကူနဲ့ဝယ်လို့ရနိုင်မယ့် Single သီချင်းလေးတွေကိုဖြန့်တာပါ” ဟု ယင်းသီချင်းသစ်ကို ဖြန့်ချိရသည့်အကြောင်းအရင်းကို ၎င်းက ထပ်လောင်းပြောဆိုသည်။
 

Blogger news

About